|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description:
သရေခေတ္တရာမြို့ဟောင်းသည် ကျယ်ဝန်းသလောက် လေ့လာမှု မပြည့်စုံနိုင်သေးသော ရှေးပျူမြို့တော်တစ်ခုဖြစ်သည်။ ပျူတို့၏ ဗိသုကာလက်ရာများ၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် စာပေအထောက်အထားများ၊ ဘာသာ သာသနာထွန်းတောက်ခဲ့မှုများကို အပြောမဟုတ်ဘဲ မျက်ဝါးထင်ထင် တွေ့မြင်ရမည့်နေရာလည်း ဖြစ်သည်။ ထိုပျူတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ပြည်သူပြည်သားတိုင်း သိရှိစေရန် ရည်ရွယ်၍ သရေခေတ္တရာမြို့ဟောင်းရှိ လေ့လာစရာနေရာများအကြောင်းကို ဤစာအုပ်တွင် သမိုင်းကြောင်းနှင့်ယှဉ်၍ ရေးသားတင်ပြထားသည်။ သရေခေတ္တရာမြို့ဟောင်း၏ သမိုင်းအကျဉ်း၊ ဘူမိဗေဒ၊ တူးဖော်သုတေသနပြုခဲ့သည့်သမိုင်း၊ မြို့ဟောင်းရှိ သာသနိကအဆောက်အအုံ၊ မြို့တံခါးပေါက်၊ နတ်ကိုးကွယ်ခဲ့ကြပုံ၊ တူးဖော်ရရှိထားသည့် ကုန်းများ၊ ရေသွင်းရေထုတ်စနစ်ပုံစံများ၊ သဂြိုဟ်မြှုပ်နှံမှုဆိုင်ရာ ဓလေ့ထုံးစံများ၊ ပြတိုက်များ၊ သရေခေတ္တရာသို့ သွားရောက်နိုင်သည့် ကားလိုင်းများ၊ ရောက်ရှိက တည်းခိုနိုင်သည့် ဟိုတယ်, မိုတယ်နှင့် တည်းခိုခန်းများ၊ စားသောက်ဆိုင်များ၊ အရေးကြီးဖုံးနံပါတ်များ အစရှိသည်တို့ကို အခန်း (၁၆) ခန်းခွဲ၍ ရေးသားတင်ပြထားသည်။ သမိုင်းသုတေသီများ၊ သမိုင်းဝါသနာရှင်များနှင့်တကွ ဧည့်လမ်းညွှန်နှင့် ခရီးသွားဝါသနာပါသူများပါ လက်စွဲထား ကိုးကားဖတ်ရှုသင့်သော စာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|