|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- မြန်မာ့ဒီမိုကရေစီခရီးနှင့် သူရဦးတင်ဦး (ဗိုလ်ချုပ်ကြီး(ငြိမ်း) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း)) (အတွဲ ၂)
-
-
Author(s):
တက္ကသိုလ်စိန်တင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 440
- Binding: Paperback
- Publication Month Year: Sep-2017
- Size: 14 cm x 20 cm
|
- Description: မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နောက်မှ ထက်မြက်ရဲရင့်သော နိုင်ငံရေးခေါင်းဆောင်၊ မြန်မာ့နိုင်ငံရေးခရီး၌ တစ်ဦးတည်းသော စစ်ရေးအတွေ့အကြုံ၊ နိုင်ငံရေးအတွေ့အကြုံများဖြင့် ရင့်ကျက်နေသောခေါင်းဆောင်၊ စစ်အာဏာရှင်များအနက်မှ ရှားရှားပါးပါး ထွက်ပေါ်လာသော ဒီမိုကရေစီ ဘက်တော်သားဟုဆိုနိုင်သည့် ဗိုလ်ချုပ်ကြီး(ငြိမ်း) တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) သူရဦးတင်ဦး၏ ဘဝခရီးကို သူ၏ စစ်ရေး၊ နိုင်ငံရေးအတွေ့အကြုံများနှင့်အတူ ဤစာအုပ်တွင် အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ စာအုပ်ပါ အကြောင်းအရာများသည် သူရဦးတင်ဦး၏ ပြောစကားများကို အသံဖမ်းယူ၍ ရှေ့နောက်တည်းဖြတ်ပြုပြင်ခြင်းမရှိဘဲ ရေးသားမှတ်တမ်းတင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခုအတွဲတွင် လူအများစိတ်ဝင်စားသည့် မဆလလက်ထက်က ဦးနေဝင်းအကြောင်း၊ တကသအဆောက်အအုံ မိုင်းခွဲခြင်းဖြစ်စဉ်၊ ဦးသန့်အရေးအခင်းနှင့် ဗိုလ်ချုပ်နေဝင်း၊ ဦးနေဝင်း၏ အိမ်ထောင်ဆက်များနှင့် အိမ်တွင်းရေးများ၊ ဗိုလ်နေဝင်း၏ ဖြုတ်ထုတ်သတ်လုပ်ရပ်များ၊ သူရဦးတင်ဦးကို ရမယ်ရှာ၍ ရာထူးမှဖြုတ်ချခဲ့ပုံ၊ ဗိုလ်ကြီး အုန်းကျော်မြင့်ကိစ္စ အစရှိသည်တို့ကို ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။ တိုင်းပြည်၏ ထိပ်တန်းတာဝန်တာဝန်ဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ရာထူးရယူခဲ့သည့်အလျောက် သူသိခဲ့ရသည့် မဆလအစိုးရအဖွဲ့အစည်း၏ အတွင်းရေးများ၊ ဗိုလ်ချုပ်နေဝင်းအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်းများ၏ ကိုယ်ရေးကိုယ်တာကိစ္စရပ်များကို မချွင်းမချန် ဖွင့်ချထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|