|
Myanmar Books
Publishers
|
|
'dhamma'
,
'ပြည်ထောင်စုသား မွတ်စလင်မ်များ'
,
'(Lathe'
,
'အတွင်းရေးမှူး'
,
'သၾကၤန္'
,
'Gem'
,
'ပေါင်းမြက်'
,
'လှုပ်ရှားမှုများ'
,
'Tourist'
,
'စက္ကူခေါက်'
,
'တံတိုင်း'
,
'ကိုဖီအာနန်'
,
'အောင်မြင်နည်း'
,
'Perry Mayson'
,
'ဟယ်ရီပေါ်တာနှင့်'
,
'robert'
,
'ဥတၱရာ'
,
'ယူအေအီး'
,
'cooking'
,
'တရုတ်တိုင်းရင်းဆေး'
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မြန်မာ “ဝ” နှင့် တရုတ်လောဘ
-
-
Author(s):
နိုင်ဦး
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 274
- Binding: Paperback
- Publication Month Year: Feb-2022
- Size: 14 cm x 21 cm
|
- Description: တရုတ်ပြည် မော်စီတုန်းခေတ် တော်လှန်ရေးကို အိတ်စ်ပို့လုပ်ပြီး ကွန်မြူနစ်ဝါဒ ဖြန့်ကျက်ဖို့ ကြိုးစားခဲ့ကြရာတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၎င်းနောက်ကွယ်က ကြိုးကိုင်သူကတော့ “ခေါင်ရှန်း” ဆိုသူဖြစ်သည်။ သူ၏ မဟာဗျုဟာစီမံကိန်းသည် ကွန်မြူနစ်တော်လှန်ရေးကို ဗမာပြည်ကွန်မြူနစ်ပါတီကတဆင့် ထိုင်း မလေးရှား အင်ဒိုနီးရှားကို တင်ပို့ရန် ဖြစ်သည်။ သို့သော် ကွမ်လုံတံတားတိုက်ပွဲနဲ့ နောက်ဆက်တွဲ ရိုးမဌာနချုပ်ပြိုသွားခြင်းက အလှည့်အပြောင်းဖြစ်လာပြီး ခေါင်ရှန်းရဲ့ စီမံကိန်းလည်း အဆုံးသတ်သွားခဲ့သည်။ မော်ကွယ်လွန်ချိန် တရုတ်ပေါ်လစီအပြောင်းမှာ အရင်းရှင်လမ်းဖောက်သူ တိန့်ရှောက်ဖိန် အာဏာရလာရာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တည်တံ့မှုမှာ တရုတ်အတွက် အသုံးမဝင်တော့သဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရှေးရိုးစွဲမာ့က်စ်ဝါဒီ ခေါင်းဆောင်မှုကို “ဝ” တပ်သားများ ပုန်ကန်ထကြွပြီး ပါတီခေါင်းဆောင်တွေကို တရုတ်ပြည်ထဲ မောင်းထုတ်လိုက်သည်။ ထိုကဲ့သို့ အာဏာသိမ်းမှုဟာ တရုတ်ဘက်က မီးစိမ်းပြလို့သာ အထမြောက်နိုင်တယ်လို့ ကောက်ချက်ချသူတွေရှိသလို ကွန်မြူနစ်တော်လှန်ရေးကို ပရိုမိုးရှင်းလုပ်ဖို့ တရုတ်က စိတ်မဝင်စားတော့ဘဲ မြန်မာနယ်စပ် ကုန်သွယ်ရေးနဲ့ မြန်မာ့သဘာဝအရင်းအမြစ်ထုတ်ယူရေးကသာ အလိုဆန္ဒဖြစ်လာရာ ထိုအချိန်တွင် အိုမင်းဟောင်နွမ်းနေသည့် ဗမာပြည်ကွန်မြူနစ်ပါတီဆိုသည့် ပြာပုံထဲကနေ UWSA ဆိုတာ ပေါ်ပေါက်လာတော့သည်။ တရုတ်ရဲ့ ရည်မှန်းချက်က စီးပွားရေးအင်ပါယာကို တိုးချဲ့ပြီး ကမ္ဘာကို နိုင်ငံရေးအရ လွှမ်းမိုးရန်ဖြစ်ပြီး ကမ္ဘာ့စူပါပါဝါအဖြစ် တရုတ်ရဲ့ကဏ္ဍကို တိုးချဲ့ဖို့ စီမံကိန်းသည် “ပိုးလမ်းမသစ်” စီမံကိန်းပင် ဖြစ်သည်။ မြန်မာနိုင်ငံဟာ တရုတ်တွေလိုချင်နေတဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို အလွယ်ဆုံးနဲ့ အသက်သာဆုံး ပေါက်ရောက်နိုင်သည့် အနေအထားရှိလို့ “ဝ” တွေကို တရုတ်ကထောက်ပံ့နေတာဟာ မြန်မာပြည်မှာ တရုတ်သြဇာထူထောင်ဖို့ ကုပ်အားတစ်ခု ဖြစ်လာပါတယ်။ UWSA ဟာ တရုတ်ရဲ့ ရုပ်သေးရုပ်ဖြစ်နိုင်သော်လည်း တရုတ်လက်ကိုင်ဒုတ် မဟုတ်ဘဲ ကိုယ်ပိုင်နိုင်ငံရေးနဲ့ လူမှုရေးပန်းတိုင်ရှိကြသည်။ ထိုအကြောင်းအရာများ၏ အသေးစိတ်ကို ဤစာအုပ်တွင် ဖတ်ရှုကြရမည် ဖြစ်သည်။ Bertil Lintner ရေးသားသည့် The Wa of Myanmar and China's Quest for Global Dominance စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|