|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- အမေ့အိမ်က ငရဲခန်း (ကလေးသူငယ် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ရပ်မှန်)
-
-
Author(s):
သက်ပိုင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 144
- Binding: Paperback
- Publication Month Year: Sep-2022
- Size: 14 cm x 21 cm
|
- Description: Dave Pelzer ရေးသားသည့် A Child Called It: One Child's Courage to Survive စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ်တွင်
ဖြစ်ပွားခဲ့သော အဆိုးရွားဆုံးသော ကလေးသူငယ် အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ရပ်မှန်ဇာတ်လမ်း ဖြစ်သည်။ အရက်၏ ကျေးကျွန်ဖြစ်သူ မိခင်ကိုယ်တိုင်က သားဖြစ်သူ ဒေးဗစ်ကို ညိုမည်းစွဲအောင် ရိုက်နှက် နှိပ်စက်ခဲ့ပြီး အစာရေစာ ဖြတ်ကာ ညှဥ်းပန်းခဲ့ရုံမျှမက အခြား နှုတ်နဲ့ ထုတ်မပြောဖွယ်ရာ နည်းလမ်းမျိုးစုံနဲ့ ငရဲသားတစ်ယောက်လို နှိပ်စက်ခဲ့ပြီး ‘ဂြိုလ်ကောင်လေး’ ဟုပင် လှောင်ပြောင်ခဲ့ပုံ၊ ဒေးဗစ်သည် မြေအောက်ထပ်တွင် ရွက်ဖျင်တဲအဟောင်းလေးဖြင့် အိပ်စက်ခဲ့ရပြီး အ၀တ်အစားအစုတ်သာ ၀တ်ဆင်ခဲ့ရကာ စားရတဲ့ အစားအသောက်ဟာလည်း ခွေးတစ်ကောင်တောင် အနားမကပ်မယ့် အစားအသောက်မျိုးအပြင် မပိုခဲ့ပုံ၊ အပြင်လောကက လူတွေက ဒေးဗစ်ရဲ့ အဖြစ်ဆိုးကြီးကို မသိခဲ့ကြပေမဲ့ ဒေးဗစ်ကတော့ တစ်နေ့မှာ ဒီငရဲခန်းထဲကနေ ငှက်ကလေးတစ်ကောင်လို လွတ်မြောက်ပြီး နွေးထွေးကြင်နာတတ်သည့် မိသားစုတစ်ခုနှင့်အတူ နေထိုင်ဖို့ မျှော်လင့်ခဲ့ပုံများကို ကြေကွဲဖွယ် ဖတ်ရှုကြရမည် ဖြစ်သည်။ ကလေးသူငယ် အိမ်တွင်းအကြမ်းဖက်မှုဆိုသည့် ဖြစ်ရပ်ဆိုးကြီးသည် တကယ်တည်ရှိနေကြောင်း သတိပေးနေသလို မိမိတို့ကိုယ်တိုင်အနေဖြင့်လည်း ဒီလိုအဖြစ်ဆိုးကြီးကို တတ်နိုင်သည့်နေရာမှ ပါ၀င်ကာ ဖြေရှင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းနှိုးဆော်မည့် စာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|