|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် လွှဲပြောင်းခြင်းဆိုင်ရာ စာချုပ်ချုပ်ဆိုခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းလမ်းညွှန်
-
-
Author(s):
ဦးဇော်မင်း (နတ်မောက်)
- Type: Myanmar Books
-
Category:
ဥပဒေ
- No of Pages: 246
- Binding: Paperback
- Publication Month Year: Mar-2020
- Size: 14 cm x 21 cm
|
- Description: ၂၀၁၂ လယ်ယာမြေ ဥပေဒ ပုဒ္မ ၉ (ခ) တွင် လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ လုပ်ပိုင်ခွင့်ကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်၊ ပေးကမ်းခွင့် ရရှိစေရမည်ဟု ပြဋ္ဌာန်းထားသော်လည်း ယင်းအခွင့်အရေးကို လယ်ယာမြေ လုပ်ပိုင်ခွင့်ရသူများ တရားဝင် ခံစားခွင့်မရှိ ဖြစ်ခဲ့သည်။ ယခုအခါ ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ညွှန်ကြားချက် အမှတ် (၁/၂၀၁၇၊ ၁/၂၀၁၉၊ ၂/၂၀၁၉၊ ၃/၂၀၁၉၊ ၄/၂၀၁၉) တို့နှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ လုပ်ငန်းလမ်းညွှန်ချက်များအရ အထက်ပါ ပုဒ္မ ၉ (ခ) အခွင့်အရေးများ ခံစားနိုင်ပြီ ဖြစ်သည်။ ယင်းလမ်းညွှန်ချက်များအပြင် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်း၊ မြေယာပြုပြင် ပြောင်းလဲခြင်းဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိပြီးသော ဦးပိုင်များကို ခွဲစိတ်ခွင့်၊ ပေါင်းစည်းခွင့်၊ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စများအတွက် နည်းလမ်းများ၊ မြေယာအငြင်းပွားမှု ပြီးပြတ်ပြီးနောက် ဆုံးဖြတ်ချက်နှင့်အညီ လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်ပြောင်းလဲ ပြင်ဆင်ပေးရန်အတွက် လုပ်ထုံးလုပ်နည်းများ၊ အခြားနည်း အသုံးပြုခွင့် ရပြီးသော လယ်ယာမြေများ၏ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပြန်လည်အပ်နှံ ပြောင်းလဲခြင်းဆိုင်ရာ နည်းလမ်း၊ ညွှန်ကြားချက်များကိုပါ ဤစာအုပ်တွင် စုံစုံလင်လင် ဖော်ပြပေးထားသည့်အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် လွှဲပြောင်းမှုဆိုင်ရာလုပ်ငန်းကို လေ့လာသိရှိလိုသူများနှင့် လက်ရှိ ဆောင်ရွက်နေသူများအတွက် အသုံးဝင်မည့် စာအုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|