|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: Shakespeare ရေးသားသည့် Julius Caesarကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ရှိတ်စပီးယား၏ နာမည်ကြီးပြဇာတ်တစ်ပုဒ်ဖြစ်ပြီး ထိုပြဇာတ်တွင် အာဏာရှင်စနစ်ကို ဖြုတ်ချလိုသော ဆီးနိတ်အဖွဲ့ဝင်လူကြီး ဘရုတသည် အဓိကဇာတ်ဆောင်ဖြစ်သော်လည်း သူလုပ်ကြံခဲ့သော ဂျူလိယက်ဆီဆာ၏ သြဇာအရှိန်သည် တစ်ဇာတ်လုံးတွင် ပျံ့နှံ့နေသဖြင့် ဤနာမည်ပေးရသည်ဟု မူရင်းစာရေးသူက ဆိုထားသည်။ စစ်ပွဲအသီးသီးတွင် အောင်ပွဲများရခဲ့သည့် စစ်သေနာပတိတစ်ယောက်နှင့် သူ့အား ရောမနိုင်ငံရေးလောကမှဖယ်ရှားလိုသူများ၏ ထိပ်တိုက်ရင်ဆိုင်မှုကို ရသမြောက်စွာ ရေးဖွဲ့ထားသည်။ ဆီဆာအား လုပ်ကြံရန် ပရိယာယ်ဆင်ပုံ၊ လုပ်ကြံခံရပြီးနောက် ရောမတွင် ပြည်တွင်းစစ်ဖြစ်ပုံစသည့် ဖြစ်ရပ်တို့ကို ရှိတ်စပီးယားက အာဝဇ္ဇာန်းရွှင်ရွှင် စကားလုံးကြွယ်ကြွယ်နှင့် ဖတ်မငြီးအောင် ရေးသားတင်ပြသွားသည်ကို တွေ့ရမည်ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၁၉၆၄ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဘာသာပြန် - (ရသ)) (ပထမဆု)ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|