|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြန်မာစာပေသမိုင်း၌ ပေါ်ပေါက်ဖြစ်ထွန်းခဲ့သော မော်ကွန်းကဗျာများထဲမှ လူသိများထင်ရှားသော အကြောင်းအရာမတူသည့် ‘မော်ကွန်း’ ရှစ်စောင်နှင့် ၎င်းမော်ကွန်းများ ရေးဖွဲ့သော ‘မော်ကွန်း’စာဆို ခြောက်ဦး၊ ရဟန်းနှစ်ပါးနှင့် လူပုဂ္ဂိုလ်လေးဦးတို့၏ အကြောင်းအရာနှင့် မော်ကွန်းတို့၏ စာပေ၊ သုတ၊ ရသတို့ကို မိတ်ဆက်ထားသော စာအုပ်ဖြစ်သည်။ ၎င်းမော်ကွန်း ရှစ်စောင်ကို မော်ကွန်း စာဆိုအတ္ထုပ္ပတ္တိ၊ မော်ကွန်းနောက်ခံ၊ မော်ကွန်းဦးတည်ချက်၊ မော်ကွန်း အကြောင်းအရာ၊ မော်ကွန်း အရေးအဖွဲ့ဟူ၍ (၅)မျိုး ခေါင်းစီးတပ်ကာ ညွှန်းဆိုထားသည်။ အညွှန်းဆိုခံမော်ကွန်းများမှာ ပြည်စုန်မော်ကွန်း၊ ရွှေနန်းတည်မော်ကွန်း၊ တံတားဦးတည် မင်္ဂလာစေတီတော်မော်ကွန်း၊ ပုံတောင်နိုင်မော်ကွန်း၊ ရတနာပြောင် ဆင်တော်မော်ကွန်း၊ မိတ္ထီလာကန်တော်ဖွဲ့မော်ကွန်း၊ တရုတ်သံရောက်မော်ကွန်း၊ ရတနာနဒီဖွဲ့ မော်ကွန်းတို့ဖြစ်ကြသည်။ ညွှန်းဆိုရာတွင် ရသမြောက်သရုပ်ဖော်အဖွဲ့၊ စကားအသုံးအနှုန်း၊ ဂုဏ်အလင်္ကာ၊ မော်ကွန်းအချပိုဒ် ကာရန်ယူပုံ စသည်တို့ကို ခွဲခြားပြထားသည့်အတွက် မော်ကွန်းတို့၏ သဘောသဘာဝကို သိရှိခံစားနားလည်နိုင်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂၀၂၁ ခုနှစ်၊ စာပေဗိမာန်စာမူဆု၊ သုတေပဒေသာ (ဝိဇ္ဇာ) တတိယဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|