|
Myanmar Books
Publishers
|
|
'ဂီတသီအိုရီ'
,
'အင်္ဂလိပ်'
,
'ထိုင်းမုန့်'
,
'ဂျီဩမေတြီ'
,
'ဇိုယာဖန်း'
,
'human trafficking'
,
'အကြောတစ်ထောင်'
,
'your'
,
'ဦးစိုးမင်း'
,
'စိုးဘားဒိုင်'
,
'မောင်သာရ'
,
'House'
,
'Handmade'
,
'မောင်ရင်ဆု'
,
'ဦးစန်းမြ'
,
'Origami'
,
'ကက္ကူဘုရား'
,
'မောင်မှိုင်း'
,
'statistics'
,
'ဇာတ်တော်ကြီး ဆယ်ဘွဲ့'
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- ခံနိုင်ရည်စိတ်ဓာတ် (Resilience) (Train Your Mind To Be Calm In Every Situation)
-
-
Author(s):
အံ့ဘုန်းခန့်ကျော်
- Type: Myanmar Books
-
Category:
လူမှုရေးနှင့် စိတ်ပညာ
- No of Pages: 190
- Binding: Paperback
- Publication Month Year: Jun-2024
- Size: 14 cm x 21 cm
|
- Description: ဘဝမှာ အဆိုးဆုံးအခြေအနေနှင့် ကြုံတွေ့နေရရင်တောင် စိတ်ပျက်အားငယ်သွားတာမျိုး မဟုတ်ဘဲ မိမိအရည်အသွေးတွေ ပြန်ပြီးအားကောင်းလာအောင် ပြန်လည်ပြုစုပျိုးထောင်ခြင်း၊ တစ်ဖန်ပြန်ပြီးတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျန်းမာလာအောင် လေ့ကျင့်ခြင်း၊ ဆုံးရှုံးသွားပြီးသောအခြေအနေမှ ပြန်လည်အောင်မြင်လာအောင် တဖန်ကြိုးစားယူခြင်းသည် ခံနိုင်ရည်စိတ်ဓာတ် (Resilience)ပင် ဖြစ်သည်။ ခေတ်သစ် ၂၁ ရာစု လူတွေများ ၂၀ ရာစုက လူတွေထက် ရုပ်ဝတ္ထုပိုင်ဆိုင်မှုတွေ အဆမတန် ခုန်တက်လာတာနှင့်အမျှ ခေတ်သစ်လူများ၏ လက်ထဲကနေ တဖြည်းဖြည်း ခုန်ထွက်ကျသွားတဲ့အရာတစ်ခုရှိတယ် ၎င်းသည် ခံနိုင်ရည်စိတ်ဓာတ်ပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတွေသည် ထိလွယ်၊ ရှလွယ်ဖြစ်လာခြင်း၊ တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေ လျော့နည်းလာခြင်း၊ ကိုယ်ကျင့်တရား ယိုင်နဲ့လာခြင်း၊ မျှော်လင့်ချက် ကင်းမဲ့လာခြင်းနှင့် နောက်ဆုံးတွင် အနာဂတ်တွေ ဝေဝါးလာခြင်းကို ကြုံတွေ့လာရသည်။ ယခုစာအုပ်သည် ခေတ်သစ်လူမှုအသိုင်းအဝိုင်းအတွက် အရေးကြီးလာသည့် ခံနိုင်ရည်စိတ်ဓာတ်နှင့် ပတ်သက်၍ အတွေးအမြင်၊ အတွေ့အကြုံတွေအကြောင်း အဓိကရေးသားထားခြင်း ဖြစ်သည်။ အထူးသဖြင့် ခေတ်သစ်လူမှုဘဝမှာ ကြုံလာရသော လောကဓံမျိုးစုံ၊ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို သတ္တိရှိရှိ ဘယ်လိုရင်ဆိုင်မလဲ၊ အဓိပ္ပာယ်ရှိတဲ့ဘ၀တစ်ခုကို ဘယ်လိုတည်ဆောက်မလဲ၊ ကိုယ့်ရဲ့နေ့စဉ်ဘ၀ကို စိတ်အေးချမ်းတည်ငြိမ်စွာနဲ့ဖြတ်သန်းနိုင်ဖို့ ဘယ်လို တည်ဆောက်မလဲ အစရှိသည်တို့ကို အသေးစိတ် ရှင်းလင်းထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|