|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- သံသယစိတ်ကြောင့် လမ်းမပျောက်ပါစေနှင့် ... လူငယ်လေး (သံသယစိတ်များအား ကျော်လွှားပြီး မိမိကိုယ်ကိုယ် ခိုင်မာသော လေးစားမှု၊ ယုံကြည်မှုတို့ကို ဖန်တီးရန်အတွက် သုတေသနပြု ကုထုံးလမ်းညွန်)
-
-
Author(s):
ချစ်ဦးမောင်
- Type: Myanmar Books
-
Category:
သုတစာပေ
- No of Pages: 244
- Binding: Paperback
- Publication Month Year: May-2025
- Size: 14 cm x 21 cm
|
- Description: Marci G Fox Ph.D နှင့် Leslie Sokol Ph.D တို့ရေးသားသည့် Think Confident, Be Confident for Teens: A Cognitive Therapy Guide to Overcoming Self-Doubt and Creating Unshakable Self-Esteem စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ မိမိကိုယ်ကိုယ် မယုံကြည်မှု၊ နှိမ့်ချသတ်မှတ်မှု၊ အလွဲလွန်မှု၊ စိတ်ဓာတ်ကျလွယ်မှု၊ ရှောင်လွှဲလိုမှုတို့ကို ရင်ဆိုင်ဖျောက်ဖျက်ရန် ကြိုးစားနေသော လူငယ်များ၏ လိုအပ်ချက်များကို ထိထိရောက်ရောက် ဖြည့်ဆည်းပေးနိုင်မည့် စာအုပ်ဖြစ်သည်။ လူမှုဘဝဆက်ဆံရေး၊ မိသားစုဆက်ဆံရေး၊ သူငယ်ချင်းဆက်ဆံရေး၊ အချစ်ရေး၊ ရွယ်တူခြင်း ဖိအားများ၊ အခက်အခဲများ၊ ဒုက္ခနှင့် ကြေကွဲစရာများ၊ ကျောင်း၊ အားကစား၊ အနုပညာနှင့် လုပ်ငန်းခွင်ဆိုင်ရာ ဖြစ်ရပ်မှန် လူငယ်ဇာတ်လမ်း (၃၇) ပုဒ်နှင့် ဖတ်ရှုလေ့လာသူများ ဖြေဆိုရန် လေ့ကျင့်ခန်းအစီအစဉ်များကို ထည့်သွင်းပေးထားသည်။ သံသယများကို ခွဲခြားသိမြင်ပုံ၊ သံသယသည် ယုံကြည်မှုကို အနှောက်အယှက် ဖြစ်စေနိုင်ပုံ၊ တွေးခေါ်ပုံကို သတိပြုမိရန်လိုပုံ၊ သင့်ကိုယ်သင် ယုံကြည်မှုပိုရှိလာစေဖို့ လုပ်ဆောင်ရန်အချက်များ၊ စိတ်ဖိစီးမှုဖြစ်စေသည့် လူငယ်များ၏ ဖြစ်လေ့ဖြစ်ထရှိသော ပုံမှန်အခြေအနေ ဇာတ်လမ်းများ ပါရှိသည်။ မူရင်းစာအုပ်ကို အထက်တန်းကျောင်းနှင့် တက္ကသိုလ် သင်ရိုးညွှန်းတမ်းများတွင် မဖြစ်မနေ ထည့်သွင်းအသုံးပြုသင့်ကြောင်း၊ လူငယ်များ အထူးစိတ်ဝင်စားသည့် အကြောင်းအရာများဖြစ်သောကြောင့် မဖြစ်မနေ ဖတ်ရှုလေ့လာသင့်ကြောင်း ကမ္ဘာတစ်ဝှမ်းမှ ပညာရှင်အသီးသီးတို့က ထောက်ခံချက်ပြုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|