|
|
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဘုရားဥပဒေတော်ကြီး
-
-
Author(s):
အရှင်ဇနကာဘိဝံသ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 512
- Binding: Paperback
- Publication Month Year: 2002
- Size: 16 cm x 24 cm
|
- Description: ဗုဒ္ဓမြတ်စွာသည် အကြောင်းဝတ္ထု တစ်စုံတစ်ရာ မပေါ်ခင်ဝိနည်းဥပဒေတော်ကို ကြိုတင်၍ ပညတ်တော်မမူ၊ အကြောင်းပေါ်လာမှသာ သံဃာအများက “ဥပဒေပညတ်တော်” ထားထိုက်သည်ဟု အယူရှိကြသော အခါမှသာ ထိုက်သင့်ရာ ဥပဒေကို ပညတ်တော်မူသည်၊ အချို့မှာ တားမြစ်ချုပ်ချယ်သော ဥပဒေမဟုတ်ပေ၊ အခွင့်အရေးပေးသော ဥပဒေဖြစ်၏။ တောင်မြို့ ဆရာတော်ကြီးသည် ဤဘုရားဥပဒေတော်ကြီးကို ရေးသားရာ၌ ရှင်လူအများ နားလည်လွယ်အောင် ရှေးဦးစွာ အကြောင်းပြဝတ္ထုကိုဖော်ပြ၍ အမှုသည်နှင့် အရေးယူရသော အမှုသွားကို ရှင်းပြသည်၊ ထိုနောက် ပညတ်သော “သိက္ခာပုဒ်” ကို ပါဠိဘာသာမူရင်းပြပြီး မြန်မာပြန် အဓိပ္ပာယ်ပေးထား၏။ နောက်ထပ် ပေါ်ပေါက်လာသော ဆက်နွယ်မှုခင်းများအတွက် “အနုပညတ်”ကိုလည်း ရှင်းပြသည်၊ အရေးကြီးသော သိက္ခာပုဒ်များအတွက် လင်္ကာဆောင်ပုဒ်လည်း ပေးထား၏။ ရဟန်းသာမဏေတို့အား ဝိနည်းဥပဒေကို လွယ်ကူစွာ နားလည်စေလိုခြင်း၊ သာသနာတော်ကို ပစ္စည်းလေးပါးဖြင့် ထောက်ပံ့နေကြသော ဒါယကာ ဒါယိကာတို့အား ဝိနည်းအမှန်ကို နားလည်စေ၍ နားလည်သည့်အတိုင်းလည်းသာသနာတော်ကို ပြုစုတတ်ကြစေလိုခြင်း၊ လူ့ဘက် ရှင့်ဘက်ဝိနည်းလေးစား ကျင့်သုံးလာကြခြင်းဖြင့် သာသနာ့ဝန်ထမ်းရဟန်းသာမဏေများကို ပိုမိုလးစားလာလိမ့်မည်ဟု မျှော်လင့်ခြင်း၊ လူဝတ်ကြောင်တို့က လေးစားလာသည့် အားလျော်စွာ သာသနာဝင် အရှင်များကလည်း မေတ္တာ ကရုဏာ မုဒိတာ တိုးပွား၍ ဒါယကာ ဒါယိကာမတို့အား မေတ္တာ ကရုဏာ မုဒိတာ အခြေခံပါသော သြဝါဒများပေးခြင်း၊ ကလေး သူငယ်တို့အား အပြစ်မရှိသော သိပ္ပံ ဝိဇ္ဇာများ သင်ပြခြင်းဖြင့်လောကကောင်းကျိုးကို ကျင့်ခြင်းတို့ကို ရည်ရွယ်၍ ဆရာတော်က ဤကျမ်းကို ပြုစုထားခြင်းဖြစ်သည်ဟု ဆိုသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|