|
Myanmar Books
Publishers
|
|
'ဒေါ်နီလာတင်'
,
'ငါးရာ့ငါးဆယ်ဇာတ်'
,
'ဖူကူယားမား'
,
'စာရေး'
,
'ချင်း'
,
'အင်းကျမ်း'
,
'အကျဉ်းစခန်း'
,
'သမ္ဗုဒ္ဓေ'
,
'အရိုင်း'
,
'မြေ'
,
'rome'
,
'ပုထိုး'
,
'ဖိလစ်ဒီဘရစ်တို'
,
'stories for reproduction'
,
'စစ်ပွဲ'
,
'အမႊာ'
,
'web design'
,
'သိမ္'
,
'discipline'
,
'grimm'
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ရုပ်ပုံရှင်ကျင့်ဝတ်
-
-
Author(s):
အရှင်ဇနကာဘိဝံသ
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 260
- Binding: Paperback
- Publication Month Year: 2001
- Size: 12 cm x 18 cm
|
- Description: ဗုဒ္ဓဘာသာဝင်မိဘတိုင်း သားယောကျ်ားလေး မွေးဖွားလာပြီဆိုလျှင် “ဘယ်တော့ရှင်ပြုပါ့မလဲ” ဟူသော မျှော်လင့်ချက် အာသာပြင်းပြတတ်ကြသည်။ ထို့ကြောင့်လည်း အချို့အဘိုးအဘွားများကမူ ငယ်ရွယ်သော မြေးကလေးများကိုပင် သင်္ကန်းကို မနိုင်သေးမှန်း သိလျက် ရှင်ပြုပေးတတ်ကြသည်။ ဤသို့ရှင့်ဘဝရောက်အောင် ပို့ပေးခြင်းသည် အရေးကြီး၏။ စနစ်တကျ ဖြစ်ဖို့လိုအပ်သည်။ ပဋိသန္ဓေယူရာ၌ စနစ်ရှိသော မိဘဝမ်းမှာ မှီခိုကိန်းအောင်းမှ စနစ်ရှိသော ကလေးငယ်များ မွေးဖွားလာမည်ဖြစ်သလို ရှင်ပြုရာတွင်လည်း စနစ်ရှိသော ဥပဇ္ဈာယ် ဆရာထံမှာ ခိုဝင်မိမှ စနစ်ကျသော အဆုံးအမကို ရရှိပြီးလျှင် စနစ်တကျ ဝတ်တတ် စားတတ် နေတတ် ထိုင်တတ် စိတ်ထားတတ်သော သာမဏေကလေးဖြစ်လာနိုင်မည် ဖြစ်သည်။ ဤကဲ့သို့ အရေးကြီးသော အချက်ကို ဆရာတော် အရှင်ဇနကာဘိဝံသက ကိုင်တွယ်၍ သာသနာတော်တွင် စနစ်ကျသော သာမဏေကလေးများ ဖြစ်လာနိုင်ဖို့ရာ သာမဏေကလေးများအတွက် ရည်မှန်း၍ ဤ“ရှင်ပုံကျင့်ဝတ်”ကို ရေးသားတော်မူသည်။ ရေးသားရာတွင် ကလေးများအား ပါးစပ်ဖြင့် ရှင်းပြနေသည်ထက် ရုပ်ပုံဖြင့်ပြလျှင် ပို၍ထင်လွယ် မြင်လွယ်သောကြောင့် ဓါတ်ပုံကလေးများဖြင့်ပါ တန်ဆာဆင်ပြထားသည်။ ရှင်ပြုသောအခါ ဆံချ ခေါင်းရိတ်သောကိစ္စမှ အစပြု၍ စနစ်တကျဖြစ်ဖို့ရာ စာလာပေလာ ကျမ်းဂန်လာအတိုင်း ကမ္မဋ္ဌာန်းနှလုံးသွင်းပုံများ၊ သင်္ကန်းကပ်၊ သင်္ကန်းတောင်း၊ သီလခံယူပုံ၊ လိင်ဆယ်ပါး ဒဏ်ဆယ်ပါးနှင့် ပစ္စဝေက္ခဏာကို ဆင်ခြင်ရပုံတို့ပါ၊ ခန္ဓကဝတ်လာ ကျင့်ဝတ် ၁၄ပါး၊ သာမဏေတို့ ကျင့်သုံးရသည့် ကျင့်ဝတ်များဖြစ်သည့် ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ ခုနစ်ဆယ့်ငါးပါး၊ စုဒ္ဒသခန္ဓကဝတ် တစ်ဆယ့်လေးပါးတို့ကို စုံစုံလင်လင် ထည့်သွင်းဖော်ပြထား၏။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|