|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: အတွေးအခေါ်, အကျင့်အကြံပိုင်းတွင် လူအများ၏ လေးစားအတုယူခြင်း ခံခဲ့ရသည့် စာရေးဆရာကြီး ရွှေဥဒေါင်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ် ဖြစ်သည်။ ဆရာကြီးက ဤစာအုပ် ရေးသားဖြစ်ခဲ့ခြင်းနှင့် ပတ်သက်၍ “ ... ကျွန်ုပ်၏ မှတ်တမ်းမှာ အပြစ်အနာအဆာနှင့် ချွတ်ယွင်းချက်များကို ဝန်ခံဖော်ပြသည့် ဖြောင့်ချက်သက်သက်လည်း မဟုတ်၊ မိမိကိုယ် မိမိ အထင်ကြီးစေလို၍ အကောင်းတွေချည်းရွေးပြီး ချဲ့ထွင်တင်ပြခြင်းခြင်းမျိုးလည်း မဟုတ်၊ ကျွန်ုပ်တစ်သက်တာ၌ စိတ်ကို ထိခိုက်ခြင်းကြောင့် အမှတ်ထင်လျက်ရှိသည့် အဖြစ်အပျက်အကြောင်းအရာများကို ကျွန်ုပ်သတိရသလောက် ရေးသားဖော်ပြခြင်းဖြစ်သည်။ ... ”ဟု အမှာစာ၌ ဝန်ခံရေးသားထားသည်။ “ ... စိတ်ကို ထိခိုက်ခြင်းဟူရာတွင်လည်း မကျေနပ်သောကြောင့် ထိခိုက်ခြင်းမျိုးပါဝင်သလို ကျေနပ်သောကြောင့် ထိခိုက်ခြင်းမျိုးလည်း ပါဝင်ကြောင်း ... ” ဆိုထားပါသည်။ ထို့ပြင် ဤမှတ်တမ်းမှာ ဆရာကြီး၏ အတ္ထုပတ္တိသက်သက်လည်း မဟုတ်မူဘဲ သူကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အဖြစ်အပျက် အခြင်းအရာများပေါ်တွင် အခြေတည်ကာ လွတ်လပ်စွာ ဆင်ခြင်တွေးခေါ်တင်ပြထားပုံမျိုးလည်း ပါဝင်လေရာ ကျမ်းဂန်အဆိုအရ မဟုတ်ဘဲ ကိုယ်တွေ့အသိအရ ကိုယ်တိုင် စဉ်းစားနှိုင်းချိန်လိုသူ ခေတ်အဆက်ဆက် လူကြီးလူငယ်အရွယ်မရွေး စာဖတ်ပရိတ်သတ်များ၏ စွဲစွဲမက်မက် လက်ခံဖတ်ရှုခြင်းကို ခံခဲ့ရသည်။ စတင်ရိုက်နှိပ်ထုတ်ဝေခဲ့သည့် ၁၉၆၁ ခုနှစ်မှစ၍ ယခုတိုင် အကြိမ်ကြိမ်ရိုက်နှိပ်နေရသော စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။ ပထမတွဲတွင် ဆရာကြီး ငယ်စဉ်ကလေးဘဝမှ စတင်ထားပြီး ရန်ကုန်ကို ဂျပန်များ လာရောက်ဗုံးကြဲသည့် အချိန်ကာလတွင် အဆုံးသတ်ထားသည်။ ဒုတိယတွဲတွင် ၎င်းနောက်ပိုင်း အဖြစ်အပျက်များနှင့် ၁၉၆၂ ခုနှစ်တွင် ဆိုဗီယက်သို့ ချစ်ကြည်ရေးခရီး သွားရောက်သည့် အချိန်ကာလအထိ ရေးသားမှတ်တမ်းတင်ထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|