|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: သွေးတိုး၊ နှလုံးသွေးကြောကျဉ်း၊ ဆီးချို - သွေးချို၊ ကင်ဆာ စသည့်ဝေဒနာတို့ ဖြစ်ပွားရာတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည့် အဆီ ဓာတ်၊ ကစီဓာတ်(သကြား) ဓာတ်၊ ကယ်လိုရီဓာတ်တို့နှင့် ပတ်သက်၍ အသေးစိတ် ရှင်းပြထားသော စာအုပ်ဖြစ်သည်။ ကစီ၊ အဆီနှင့် ကယ်လိုရီအကြောင်း၊ ကာဘိုဟိုက်ဒရိတ်အဟာရအကြောင်းနှင့် အသုံးပြုပုံ၊ သွေးချိုတက်စာ ဆင်ခြင်စရာ၊ ဆီအမျိုးမျိုးအကြောင်း၊ ဖက်တီးအက်စစ်များ ချို့တဲ့ခြင်း၊ သတိထားရမည့် ကိုလက်စထေရောများအကြောင်း၊ မာဂျရင်း (Margarine) ကြိုက်သူများ သတိထားရန်အချက်များအစရှိသည့်ဖြင့် လူကို ဒုက္ခပေးနိုင်သည့် အဆီနှင့် ပတ်သက်၍ အသေးစိတ်ရှင်းပြထားသည်။ ထို့အပြင် လူ့ခန္ဓာကိုယ် လှုပ်ရှားမှုကြောင့် ကုန်ခမ်းသွားသည့် ကယ်လိုရီအကြောင်းကိုလည်း ဇယားများ၊ အချက်အလက်များနှင့်တကွ ဖော်ပြထားသည်။ ဤစာအုပ်ပါ အချက်အလက်များကို သိရှိထားခြင်းအားဖြင့် မိမိစားလိုက်သောအစာတွင် ပါဝင်သည့် အဆီ၊ ကစီနှင့် ကယ်လိုရီတို့၏ ပမာဏကို သိရှိနိုင်ပြီး ထိုသို့သိရှိထားခြင်းဖြင့် မိမိကိုယ်ခန္ဓာအတွက် မည်သည့် အကျိုး အပြစ်များမည်မျှထိ ဖြစ်စေမည်ကို မိမိဘာသာ သတိထား ချိန်ညှိနိုင်မည် ဖြစ်သည်။ ကိုယ်အလေးချိန် လျော့လိုသူများ၊ ကျန်းမာရေးလိုက်စားသူများ အထူးဖတ်ရှုသင့်သော စာအုပ်ဖြစ်သည်။ စာရေးသူသည် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာန အမျိုးသားအဟာရဖွံ့ဖြိုးရေးနှင့် သုတေသနဌာနတွင် ဒုတိယညွှန်ကြားရေးမှူးရာထူးကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|