|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ကင်းဝန်မင်းကြီး ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်စာတမ်း (Kinwun Mingyi's Paris Diary)
-
-
Author(s):
ကင်းဝန်မင်းကြီး ဦးကောင်း
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 371
- Binding: Paperback
- Publication Month Year: Jan-2008
- Size: 14 cm x 21 cm
|
- Description: မင်းတုန်းမင်းလက်ထက်တော်က ကင်းဝန်မင်းကြီးဦးဆောင်သော သံအဖွဲ့သည့် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များအတွက် ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့ရာ ထိုခရီးစဉ်အကြောင်းကို နောင်လာနောင်သားများ ဗဟုသုတရစေရန် အကျိုးငှာ ကင်းဝန်မင်းကြီးသည် ပြင်သစ်မြို့သွား နေ့စဉ်မှတ်တမ်းဟူသော အမည်မြင့် ပေမူတင်ခဲ့လေသည်။ စတင်ထွက်ခွာသည့်နေ့မှစ၍ နေပြည်တော်တွင် ဆောင်ရွက်ရသော အကြောင်းအရာများ၊ လမ်းစခန်း ခရီးစဉ်တစ်လျှောက် ဆောင်ရွက်ရသည်များ၊ ပြင်သစ်မြို့တော်၏ အံ့သြစဖွယ် တင့်တယ်ခန်းနားလှသည့် အခြေအနေတို့ပါ စုံလင်စွာ ရေးသားဖော်ပြထားသဖြင့် ဤစာတမ်းကို ဖတ်ရှုသော သူတို့မှာ များစွာ ဗဟုသုတရစေနိုင်သည်ဟု ဦးဖေမောင်တင်က အမှာစာတွင် ရေးသားထားသည်။ စာအုပ်တွင် မန္တလေး-စင်ကာပူ-သီဟိုဠ်-အီဂျစ်ခရီးသွားအတွေ့အကြုံ တစ်ခန်း၊ အီတလီ-ပြင်သစ်-အီတလီ ခရီးသွားအတွေ့အကြုံတစ်ခန်း၊ အီတလီ-အီဂျစ်-အိန္ဒိယ-မန္တလေး ခရီးသွားအတွေ့အကြုံတစ်ခန်းဟူ၍ ၃ ခန်းခွဲကာ ရေးသားထားသည်။ သက်ဦးဆံပိုင် ဘုရင်စနစ်တွင် ပညာရှိဖြစ်ခဲ့သော ကင်းဝန်မင်းကြီး၏ အသေးစိတ်လှသည့် ခရီးသွားမှတ်တမ်းကို ဖတ်ရှုရင်း ထိုခေတ်ထိုအခါအကြောင်းကို ဗဟုသုတဖြစ်ဖွယ် သိရှိကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|